Image
Thursday 15 October 2015

16:35

အင်တာနက်သုံးစွဲသူများ သိထားသင့်တဲ့ ဆယ်သွယ်ရေးဥပဒေပုဒ်မများ

အောက်ပါအမှုများကို ကျူးလွန်ပါကထောင်ဒဏ်
သုံးနှစ် (သို့မဟုတ်) ငွေဒဏ်(သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး

*၆၆(ဂ)
ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြု၍ ငွေကြေးနှင့်ပစ္စည်းတစ်ရပ်ရပ်ကို
ခိုးယူခြင်း၊လိမ်လည်ခြင်း၊အလွဲသုံးစားပြုခြင်း သို့မဟုတ် ပျက်စီးစေခြင်း။

*၆၆(ဃ)
ဆက်သွယ်ရေးကွန်ယက်တစ်ခုခုကိုအသုံးပြု၍ပုဂ္ဂိုလ်တစ်ဦးဦးအားခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊မတရားတားဆီးကန့်ကွက်ခြင်း၊
အသရေဖျက်ခြင်းနှောင့်ယှက်ခြင်းမလျော်သြဇာသုံးခြင်းသို့မဟုတ်ခြိမ်းခြောက်ခြင်း။

အောက်ပါအမှုများကို ကျူးလွန်ပါကထောင်ဒဏ်
တစ်နှစ် (သို့မဟုတ်)ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး

*၆၈ (က)
မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သောသဘောဖြင့် ဆယ်သွယ်ခြင်း၊ဖမ်းယူခြင်း၊ပို့လွှင့်ခြင်း၊ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း။

* ၆၈ (ခ)
သတင်းအချက်အလက် ပို့လွှင့်ခြင်း၊ဖမ်းယူခြင်း၊ဆက်သွယ်ခြင်း၊ပေးဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို ခွင့်ပြုချက်မရှိဘဲ တားမြစ်ခြင်း၊တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း

Credit: Original

Newer Post
Previous
This is the last post.

0 comments:

Post a Comment